Crystalkeyl (@crystalkeyl) header
Crystalkeyl (@crystalkeyl) profile picture

||| 𝙄𝙛 𝙮𝙤𝙪 𝙛𝙚𝙚𝙡 𝙚𝙫𝙚𝙧𝙮𝙩𝙝𝙞𝙣𝙜 𝙩𝙤𝙤 𝙝𝙚𝙖𝙫𝙮,𝙅𝙪𝙨𝙩 𝙧𝙚𝙨𝙩 𝙗𝙪𝙩 𝙣𝙚𝙫𝙚𝙧 𝙦𝙪𝙞𝙩 |||

Sapporo City Chuo Ward
Joined September 2009
Photo by Crystalkeyl (@crystalkeyl)Photo by Crystalkeyl (@crystalkeyl)Photo by Crystalkeyl (@crystalkeyl)Photo by Crystalkeyl (@crystalkeyl)Photo by Crystalkeyl (@crystalkeyl)Photo by Crystalkeyl (@crystalkeyl)Photo by Crystalkeyl (@crystalkeyl)Photo by Crystalkeyl (@crystalkeyl)Photo by Crystalkeyl (@crystalkeyl)Photo by Crystalkeyl (@crystalkeyl)
အာဂျင်တီးနား တရားရုံးက မြန်မာနိုင်ငံ၏ တာဝန်ရှိသူ ၂၅ ဦး (ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင်) အား ဖမ်းဆီးရေးဝရမ်းများ ထုတ်ပြန်ခဲ့သည်မှာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားထုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် တရားမျှတမှုကို ရှာဖွေရာတွင် သမိုင်းဝင်အဖြစ် မှတ်သားစရာ ဖြစ်ပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကို အဓိက တရားခံများအဖြစ် ဖော်ပြထားခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို မှားယွင်းစွာ နားလည်ထားကြောင်းကို ပြသနေပါသည်။ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ဖြေရှင်းရန် အရေးကြီးသော်လည်း စစ်တပ်၏ စနစ်တကျ ကျူးလွန်မှုများကို အဓိကထား၍ စစ်တပ်မှ တာဝန်ရှိသူများအား တရားစီရင်နိုင်ရန် အလေးမထားဘဲ နိုင်ငံရေး အခက်အခဲများကြားတွင် လုပ်ဆောင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်များကို တူညီစွာ စွပ်စွဲခြင်းသည် မဖြစ်သင့်ဟု ယူဆပါသည်။ တာဝန်ရှိသူများအား တရားမဲ့စွပ်စွဲမှု အာဂျင်တီးနား တရားရုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့အား စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တူညီသော တရားခံများအဖြစ် ဖော်ပြထားခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကန့်အသတ်များကို မှားယွင်းစွာ နားလည်ထားကြောင်း ပြသပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင် နိုင်ငံတော်၏ လုံခြုံရေးနှင့် စစ်ဆင်ရေး များကို စစ်တပ်၏ လက်ထဲတွင်သာ ထိန်းချုပ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အုပ်ချုပ်ရေးမှ လုံးဝ ကင်းလွတ်နေခဲ့သည်ကို အသိအမှတ် မပြုရာရောက်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အရပ်ဖက် စီမံခန့်ခွဲရေး ခေါင်းဆောင်များအား စစ်တပ်၏ ကျူးလွန်မှုများနှင့် တူညီသော တာဝန်ရှိသူများဟု သတ်မှတ်ခြင်းသည် စစ်တပ်၏ စနစ်တကျ ကျူးလွန်မှုများကို မထင်မရှား နောက်ကွယ်သို့ ရောက်စေပြီး ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု၏ အဓိက တာဝန်ရှိသူ စစ်တပ်အား တာဝန်ခံမှုနည်းစေသော လမ်းကြောင်းသို့ ဦးတည်နေသည်ကို ပြသနေသကဲ့သို့ ထင်ရပါသည်။ ရိုဟင်ဂျာ ပြဿနာကို နားလည်ရန် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ၏ အခန်းကဏ္ဍကို ထည့်သွင်းပြောဆိုရန် လိုအပ်ပါသည်။ မဘသ သည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဆန့်ကျင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သူဦးဆောင်သော NLD တို့ကို မွတ်စလင်များအား ထောက်ခံသော နိုင်ငံရေးပါတီဟု သမုတ်ခဲ့ပါသည်။ NLD အာဏာရလျှင် မြန်မာ့ အမျိုး ဘာသာ သာသနာ ထိခိုက်မည်ဖြစ်ကြောင်း NLD နှင့် ပြိုင်နေသော စစ်တပ် ရုပ်သေးပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဘက်မှ မဲဆွယ်ပေးခဲ့ပါသည်။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီးနောက် မဘသ သည် စစ်တပ်၏ ညွှန်ကြားချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖျက်ဆီးရန် ပြုလုပ်ခဲ့ပါသည်။ ၎င်းတို့သည် ဗုဒ္ဓဘာသာနှင့် နိုင်ငံ စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းရန်ဆိုပြီး စစ်တပ်၏ လူမျိုးရေးဝါဒများကို ပံ့ပိုးပေးခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် စစ်တပ်သည် နယ်မြေရှင်းလင်းရေးဟုခေါ်သော ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို စီစဉ်ခဲ့ပြီး မဘသ၏ လူမျိုးရေးလှုံ့ဆော်မှုများကို အသုံးချကာ ပြည်သူ့ထောက်ခံမှု ရယူခဲ့ပါသည်။ ဤဆောင်ရွက်ချက်များ၏ အဓိက ရည်ရွယ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာထောက်ခံမှု ရုတ်သိမ်းသွားစေရန် ဖြစ်ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်း၏ အမြင်မှားယွင်းမှု နိုင်ငံတကာအသိုင်းအဝိုင်း၏ ရိုဟင်ဂျာ ပြဿနာနှင့် ပတ်သက်၍ အောက်ပါ တုံ့ပြန်မှုတို့သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးလမ်းကြောင်းကို ဆိုးဝါးစွာ ထိခိုက်စေခဲ့ပါသည်။ (၁) မှားယွင်းသော ဝေဖန်မှု ။ ။ ဒေါ်အောင်ဆန်းစုကြည်အား သူ၏ထိန်းချုပ်မှု၏အောက်တွင် မရှိခဲ့သော စစ်တပ်၏ ကျူးလွန်မှုများအတွက် တာဝန်ရှိသူဟု သတ်မှတ်ခြင်း။ (၂) စစ်တပ်ကို မထိရဲခဲ့ခြင်း ။ ။ စစ်တပ်နှင့် ပတ်သက်၍ အကျိုးစီးပွားဖြစ်နေသော နိုင်ငံများ၏ နောက်ကွယ်မှ လွှမ်းမိုးတောင်းဆိုမှုတို့ကြောင့် စစ်တပ်ခေါင်းဆောင်များကို တိုက်ရိုက် ဖိအားပေးရန် မပြုလုပ်ခဲ့ခြင်း။ (၃) ပြည်လုံးကျွတ် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးအား ပံ့ပိုးမှု မပြုခဲ့ခြင်း ။ ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် စိတ်ဝင်စားမှု၊ ပံ့ပိုးမှု နည်းပါးခဲ့ခြင်း။ အမေရိကန်လွှတ်တော်မှ အချို့အမတ်များသည်ပင် မြန်မာ့အရေး လှုပ်ရှားသူအချို့အား သူတို့သည် ရိုဟင်ဂျာအရေးကို မြန်မာပြည်၏ အဓိကအရေးအဖြစ် ထားရှိကြောင်း၊ ကျန်သော မြန်မာတပြည်လုံး အရေးကို သိပ်အလေးမထားကြောင်း သွယ်ဝိုက်၍ အသိပေးပုံရခဲ့ပါသည်။ အထက်ပါ ဖြစ်ရပ်များနှင့် လုပ်ဆောင်ချက်များသည် ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရအား နိုင်ငံတကာ ထောက်ခံမှုကို လျော့နည်းစေခဲ့၍ စစ်တပ်ကို အာဏာသိမ်းရဲစေရန် အားပေးခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှုကို ဖြစ်ပေါ်စေခဲ့သည်။ #WhatsHappeningInMyanmar
4
28
2
118
22,720
ငွေလဲသမားတချို့ အဖမ်းခံရ ဒေါ်လာဈေး အနည်းငယ်ပြန်ကျ ရန်ကုန်မြို့တွင် တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်မှုဖြင့် ငွေလဲလုပ်ကိုင်သူတချို့ကို အာဏာသိမ်းအစိုးရက ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ဒေါ်လာဈေးနှုန်းမှာ ယမန်နေ့က တဒေါ်လာ ၅,၅၀၀ ကျော်အထိ မြင့်တက်ခဲ့ရာမှ ယနေ့ ၅,၄၀၀ ကျပ်သို့ ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ အလားတူ ယမန်နေ့က ထိုင်းတဘတ်လျှင် ၁၆၇ ကျပ်အထိ မြင့်တက်ခဲ့ရာမှ ယနေ့ ၁၅၇ ဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့ပြီး တရုတ်တယွမ်လျှင် ၈၃၀ ကျပ်ဝန်းကျင်မှ ၈၀၀ ဝန်းကျင်သို့ ကျဆင်းလာခဲ့သည်။ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ကုန်ဈေးနှုန်းနှင့် ငွေလဲနှုန်းမြင့်တက်မှုများမှာ နိုင်ငံခြားငွေကိုင်ဆောင်ထားသူများ၏ ဈေးကစားမှုကြောင့် ဖြစ်ကြောင်း အပြစ်တင် ပြောဆိုခဲ့သည်။ ယင်းနောက် ဗဟိုဘဏ်လိုင်စင်မရှိဘဲ ပြင်ပပေါက်ဈေးဖြင့် နိုင်ငံခြားငွေရောင်းဝယ်သည်ဟုဆိုကာ ရန်ကုန်မြို့ ဆူးလေဘုရား လူကူးခုံးကျော်တံတားအနီးတွင် နိုဝင်ဘာ ၂၁ ရက်က ရာဂျာ (ခ) အောင်ချိုထွန်းနှင့် ပန်းပဲတန်းမြို့နယ် အနော်ရထာလမ်းပေါ်တွင် နိုဝင်ဘာ ၂၂ ရက်က မိုဟာမက်ယူနုစ် (ခ) မောင်မောင်လွင်တို့ကို နိုင်ငံခြားငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် ဖော်ပြခဲ့သည်။ #WhatsHappeningInMyanmar #RejectMilitaryCoup
42
"ကျနော့်ရဲဘော်တွေအတွက်ဆိုရင် ဘာမဆို လုပ်ပေးချင်တာ" ဆိုတဲ့ ရဲဘော်ဇေယျာမင်း... ကိုယ့်အလှည့်ကျမှ အကူအညီတောင်းဖို့ နှုတ်မထွက်ရဲဘဲ အားငယ်နေခဲ့မိတယ်တဲ့။ အလင်းရောင် လုံးဝကွယ်ပျောက်သွားနိုင်တဲ့ အခြေအနေကို ရင်ဆိုင်ရင်း တစ်ယောက်တည်း ကြိတ်မှိတ်အားတင်းနေခဲ့ရလေမလား။ ဒါပေမဲ့... ပြည်သူတွေက အကို့ကို မေ့မထားခဲ့ပါဘူး။ လက်ရှိဝိုင်းဝန်းထားကြတဲ့ ကျပ်သိန်းပေါင်း ၂၆၀ ကျော်ရဲ့ နောက်ကွယ်မှာ စာနာဖေးမတတ်တဲ့ နှလုံးသားတွေ အများကြီးရှိနေပါတယ်။ မှုန်ဝါးနေတဲ့ ညာဘက်မျက်ကြည်လွှာ အလင်းပြန်မြင်ရဖို့ အတူတူ ဝိုင်းဝန်းကူညီပေးနေကြပါတယ်။ အောင်ပွဲနေ့ ရောက်တဲ့အခါ... ချစ်ရတဲ့ ရဲဘော်ရဲဘက်တွေနဲ့ ပြည်သူတွေရဲ့အပြုံးတွေကို ကြည်ကြည်လင်လင် မြင်တွေ့ခွင့်ရပါစေ... #WhatsHappeningInMyanmar
59
ကရင်ပြည်နယ်အတွင်း ခရစ်ယာန်ဘုရားကျောင်းအား လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သက်ကြီးအမျိုးသမီးတစ်ဦး သေဆုံးပြီး ကျောင်းသားများဒဏ်ရာရရှိခဲ့သော သတင်းအား စိစစ်ခြင်း ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ အချိန်ဝန်းကျင်တွင် ဖာပွန်မြို့နယ်၊ နော်ယိုထကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းအား မြန်မာလေတပ် (MAF) က လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သတင်းများအရ သိရှိရပါတယ်။ အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ၏ ထိန်းချုပ်မှုအောက်တွင်ရှိကြောင်း သတင်းဖော်ပြချက်အရသိရှိရပါတယ်။ အပြည့်အစုံဖတ်ရှုရန်- facebook.com/MyanmarWitness2… #WhatsHappeningInMyanmar
51
အွန်လိုင်းပေါ်မှ အကြမ်းဖက်မှုများသည် မြေပြင်အထိသက်ရောက်မှုရှိသော အကြမ်းဖက်မှုများ ဖြစ်ပါတယ်။ အမျိုးသမီးများ၏ နိုင်ငံရေးတွင် ပါဝင်ခွင့်သည် ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအပေါ် စိန်ခေါ်မှု မဖြစ်သင့်ပါ။ ယနေ့ကျရောက်သော "အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့" (International Day for the Elimination of Violence Against Women) တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအရ လှုပ်ရှားနေကြသော အမျိုးသမီးများ ကြုံတွေ့နေရသည့် အွန်လိုင်းပေါ်မှ တိုက်ခိုက်မှု၊ နှောင့်ယှက်မှုများနှင့် ဖိနှိပ်မှုများကို မီးမောင်းထိုးပြလိုက်ရပါတယ်။ အပြည့်အစုံဖတ်ရှုရန်- facebook.com/MyanmarWitness2… #WhatsHappeningInMyanmar
34
မြန်မာနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုများအပေါ် လစဉ်စောင့်ကြည့်လေ့လာမှုမှ တွေ့ရှိရသော ဖြစ်ရပ်လေ့လာချက် 💢 ​မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် လေကြောင်းနှင့်ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးသေဆုံးခဲ့သည်ဟုဆိုသော သတင်း ၂၀၂၆ ခုနှစ်၊​ အောက်တိုဘာလ ၁၃ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကြီးကျေးရွာအား မြန်မာလေတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ အပြည့်အစုံဖတ်ရှုရန် - facebook.com/photo/?fbid=161… #WhatsHappeningInMyanmar
38
ဒီနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ အိမ်နီးချင်း လာအိုနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (Least Developed Countries – LDC) စာရင်းကနေ တရားဝင် လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်ကတည်းက ဒီစာရင်းထဲ ရောက်နေခဲ့တဲ့ လာအိုဟာ ၅၅ နှစ်အကြာမှာ ရုန်းထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံ ၁၁ နိုင်ငံထဲမှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ နိုင်ငံက မြန်မာ၊ ကမ္ဘာဒီးယားနဲ့ အရှေ့တီမော သုံးနိုင်ငံပဲ ကျန်ပါတော့တယ်။ အဲဒီထဲက ကမ္ဘောဒီးယားကလည်း ၂၀၂၉ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ဒီစာရင်းကနေ လွတ်မြောက်ဖို့ ကုလသမဂ္ဂက သတ်မှတ်ပေးထားပြီး ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ မြန်မာနိုင်ငံသားတွေ သိထားသင့်တဲ့ ရင်နာစရာ တိုက်ဆိုင်မှုတစ်ခု ရှိပါတယ်။ ၂၀၁၈ ခုနှစ်၊ NLD အစိုးရလက်ထက်မှာ လာအို၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံစလုံးဟာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းက လွတ်မြောက်ဖို့ လိုအပ်တဲ့ သတ်မှတ်ချက်တွေကို ပထမဆုံးအကြိမ် ပြည့်မီခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် အဲဒီအချိန်တုန်းက မြန်မာဟာ လာအိုနဲ့အတူ ဆင်းရဲတွင်းက ရုန်းထွက်နိုင်မယ့် လမ်းကြောင်းပေါ် ရောက်နေခဲ့တာပါ။ ၂၀၂၁ ခုနှစ်မှာ ကုလသမဂ္ဂက ဒုတိယအကြိမ် ပြန်လည်စိစစ်တဲ့အခါ မြန်မာနိုင်ငံဟာ သတ်မှတ်ချက်တွေကို ထပ်မံပြည့်မီခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနှစ် ဖေဖော်ဝါရီလမှာ မင်းအောင်လှိုင်ရဲ့ အာဏာလုမှု ဖြစ်ပေါ်ခဲ့ပါတယ်။ လာအိုနိုင်ငံကို LDC စာရင်းကနေ ပယ်ဖျက်ပေးဖို့ ကုလသမဂ္ဂက ၂၀၂၁ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပေမဲ့ မြန်မာနိုင်ငံအတွက် ဆုံးဖြတ်ချက်ကိုတော့ ၂၀၂၄ ခုနှစ်အထိ ရွှေ့ဆိုင်းခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ရောက်တဲ့အခါမှာလည်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေကြောင့် ၂၀၂၇ ခုနှစ်အထိ ထပ်မံရွှေ့ဆိုင်းခဲ့ရပါတယ်။ ဒီကြားထဲမှာ လာအိုက ရေအားလျှပ်စစ် စီမံကိန်းတွေ၊ မီးရထားလမ်းတွေ၊ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင် ကြိုးပမ်းနေခဲ့ပါတယ်။ မြန်မာမှာတော့ ပြည်တွင်းစစ် ပိုမိုကျယ်ပြန့်လာတယ်။ စက်ရုံအလုပ်ရုံတွေ ပိတ်သိမ်းလာတယ်။ ငွေကြေးတန်ဖိုး ကျဆင်းလာတယ်။ လူငယ်တွေ သန်းနဲ့ချီပြီး ပြည်ပကို ထွက်ခွာနေကြရတယ်။ ပညာရေးနဲ့ ကျန်းမာရေးစနစ်တွေပါ အကြီးအကျယ် ထိခိုက်လာတယ်။ တကယ်တော့ လာအိုဟာ ပင်လယ်ထွက်ပေါက်တောင် မရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ။ မြန်မာမှာတော့ ကျယ်ပြန့်တဲ့ ပင်လယ်ကမ်းရိုးတန်းတွေ၊ မြေဩဇာ ကောင်းတဲ့ စိုက်ပျိုးမြေတွေ၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ကျောက်မျက်ရတနာနဲ့ သစ်တောသယံဇာတတွေ ရှိတယ်။ တရုတ်နဲ့ အိန္ဒိယလို ကမ္ဘာ့ဈေးကွက်ကြီး နှစ်ခုကြားမှာလည်း တည်ရှိနေတယ်။ မြန်မာနိုင်ငံ ဆင်းရဲနေရတာဟာ သဘာဝသယံဇာတ မရှိလို့ မဟုတ်ပါဘူး။ တိုင်းပြည်ကို တိုးတက်အောင် မလုပ်တတ်တဲ့ စစ်အုပ်စုက မတရား ဗိုလ်ကျ အနိုင်ကျင့် အုပ်ချုပ်နေပြီး ရှိပြီးသား အရင်းအမြစ်တွေနဲ့ အခွင့်အလမ်းတွေကို ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက် လာအောင် အသုံးမချနိုင်လို့ ဖြစ်ပါတယ်။ လာအိုဟာ ဒီစာရင်းက လွတ်မြောက်သွားပေမယ့် ပြည်ပကြွေးမြီ၊ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးစိန်ခေါ်မှုတွေ ရှိနေဆဲပါပဲ။ ဒါပေမဲ့ ရှေ့ကို ခြေတစ်လှမ်း တိုးနိုင်ခဲ့တာတော့ အမှန်ပါပဲ။ တကယ်လို့ ၂၀၂၁ ခုနှစ်မှာ မင်းအောင်လှိုင်သာ အာဏာ မရူးခဲ့ဘူးဆိုရင် မြန်မာနိုင်ငံဟာလည်း ဒီနေ့ လာအိုနဲ့အတူ LDC စာရင်းက လွတ်မြောက်တဲ့ အထိမ်းအမှတ်ကို ကျင်းပနေနိုင်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ် နေဝင်း စစ်အစိုးရ လက်ထက်မှာ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းထဲ ရောက်ခဲ့တဲ့ မြန်မာဟာ ၃၉ နှစ်ကြာတဲ့အထိ အဲဒီစာရင်းထဲမှာ ရှိနေဆဲပါပဲ။ ပန်းတိုင်တစ်ခုဆီ အတူတူ လျှောက်ခဲ့ကြတဲ့ လာအိုနဲ့ မြန်မာဟာ ရှစ်နှစ်ကြာတဲ့အခါ လာအိုက ပန်းတိုင်ကို ရောက်သွားပြီး မြန်မာကတော့ စစ်အုပ်စုရဲ့ အသုံးမကျတဲ့ စီမံခန့်ခွဲမှု အောက်မှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။ စစ်အာဏာလုမှုရဲ့ ဆုံးရှုံးမှုတန်ဖိုးထဲမှာ အဆောက်အအုံတွေနဲ့ စီးပွါးရေးလုပ်ငန်းတွေ အပြင် ဆုံးရှုံးသွားတဲ့ အနာဂတ်တွေ၊ လူငယ်တွေရဲ့ အိပ်မက်တွေနဲ့ နိုင်ငံတစ်နိုင်ငံ ရှေ့သို့ တက်လှမ်းနိုင်မယ့် အခွင့်အလမ်းတွေကိုပါ ထည့်သွင်း တွက်ချက်ရမှာ ဖြစ်ပါတယ်။ #WhatsHappeningInMyanmar
2
11
620
💢A case study from monthly monitoring on airstrikes in Myanmar Multiple Airstrikes and Drone Attacks Reportedly Kill Five in Bilin Township, Mon State (1/4) On 13 October, 2026 (19:00 local time), the Myanmar Air Force (MAF) reportedly conducted an airstrike on Ah Lu Gyi Village, Bilin Township, Mon State, causing five reported deaths and eight injuries. Reports state a jet fighter dropped a 300lb bomb while LIB-3, based in nearby Bilin Town launched 2 kamikaze drones. More on thread👇 #Myanmar #WhatsHappeningInMyanmar #MonState
2
125
ဂျန်ဆန်ဟွမ်၊ ဒေါ်နယ်ထရမ့် နှင့် တရုတ်စပိုင်တို့၏ အရှုပ်တော်ပုံ အေအိုင်အတွက် လိုအပ်တဲ့ Chip ပြားတွေကို ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီဖြစ်တဲ့ အန်ဗီးဒီးယားရဲ့ အလုပ်အမှုဆောင်ချုပ် ဂျန်ဆန်ဟွမ်ဟာ တရုတ်စပိုင် အမျိုးသမီး တစ်ဦးနဲ့ ဖောက်ပြန်တယ် ဆိုတဲ့ အတွက် ရာထူးကနေ အနားယူပေးလိုက်ရတယ် ဆိုတဲ့ သတင်းက အများသိပြီးသားပါ။ ဒီနေ့မှာတော့ ဂျန်ဆန်ဟွမ်ကို အန်ဗီးဒီးယား ကုမ္ပဏီကနေက သူ့ရဲ့ မူလရာထူးကို ပြန်လည်ခန့်အပ်လိုက်ရပါတယ်။ ကုမ္ပဏီ ဒါရိုက်တာ အစည်းဝေးကို ထရမ့်က ဆက်သွယ်ပြောပြီးဆိုပြီး ဂျန်ဆန်ဟွမ်ကို အလုပ်ပြန်ခန့်ဖို့ ဖိအားပေးခဲ့ပြီး၊ အဲဒီလို ထရမ့်ရဲ့ ဖိအားပေးမှုကြောင့် ဂျန်ဆန်ဟွမ်ကို အလုပ်ပြန်ခန့်ခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ််။ အဲဒီ သတင်းအတွက် ထရမ့်ကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာလည်း ထရမ့်က ဟုတ်မှန်ကြောင်းနဲ့ သူက ဒါရိုက်တာ အစည်းအဝေးကနေ ဂျန်ဆန်ဟွမ်ကို ပြန်ခန့်ဖို့အတွက် ဆက်သွယ်ပြောဆိုခဲ့ပြီး သူ့ပြောဆိုမှုဟာ ဒါရိုက်တာ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အတွက် အရေးပါတဲ့ အပြောင်းအလဲကို ဖြစ်စေတယ်လို့ ဖြေကြားခဲ့ပါတယ််။ အန်ဗီးဒီးယားလို ပုဂ္ဂလိကပိုင် နည်းပညာ ကုမ္ပဏီ တစ်ခုရဲ့ အမှုဆောင်အရာရှိချုပ် ရာထူးဟာ အမေရိကန် သမ္မတ တစ်ယောက်အတွက် ဘယ်လောက် အရေးပါနေလို့ အခုလို ဝင်ရောက် စွက်ဖက်မှု ပြုရတာလဲ ဆိုတာနဲ့ အေအိုင် နည်းပညာအတွက် အရေးပါတဲ့ (Chip) ခြစ်ပ်ပြားတွေကို ရယူဖို့ ကြိုးစားတဲ့ ဖြစ်ရပ်ဟာ အမေရိကန် နိုင်ငံတော်ရဲ့ လုံခြုံရေး နဲ့ စီးပွားရေးအတွက် အရေးပါတဲ့ ဖြစ်စဉ် ဖြစ်လို့ ဥပဒေပြဌာန်းပြီး အကာအကွယ်ပေးထားရတာမှာ အဲဒီ ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် တစ်ဦးဟာ တရုတ် စပိုင် တစ်ယောက်နဲ့ နီးကပ်စွာ နေရုံမက ဖောက်ပြန်ခဲ့တဲ့အထိ ဖြစ်ခဲ့တာကို လှစ်လျှုရှုပြီး ရာထူးကနေ ပြန်ခန့်ဖို့ ဖိအား ပေးတယ် ဆိုတာဟာ အမေရိကန် အုပ်ချုပ်ရေး အပိုင်းမှာ အကျင့်ပျက် ခြစားမှုတွေ ကြီးမားနေတယ် ဆိုတဲ့ ပြယုဒ်လို့ ဝေဖန်နေကြပါတယ်။ ဘာဖြစ်လို့ပါလဲ။ အန်ဗီးဒီးယားထုတ် ခြစ်ပ်ပြားတွေဟာ ရုရှားထုတ် ဒရုန်းတွေမှာ အသုံးပြုတာတွေကို တွေ့တယ်ဆိုတဲ့ သက်သေတွေ ထွက်ရှိလာမှုတွေနဲ့ အတူ ဒီကိစ္စကို အမေရိကန် ထောက်လှမ်းရေးတွေက စုံးစမ်းနေခဲ့တာ ကြာပါပြီ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စပြီး အမေရိကန် ထောက်လှမ်းရေး သတင်းပေးပို့ချက်တွေအရ ဂျန်ဆန်ဟွမ်ဟာ တရုတ်စပိုင် အမျိုးသမီးနဲ့ အနီးကပ် ပက်သက်နေတယ်ဆိုတဲ့ အကြောင်းကို ထရမ့်ကို ၂ ကြိမ်တိတိ သတင်းပေးပို့ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေလည်း ထွက်လာခဲ့ပါတယ်။ အဲဒီလို ၂ ကြိမ်တိုင်တိုင် သတင်းပေးပို့ခဲ့ပေမယ့် ထရမ့်ဟာ ဒီဖြစ်ရပ်ကို မသိချင်ယောင်ဆောင်ပြီး လှစ်လျှုရုခဲ့တယ်လို့ သိရပါတယ်။ အခု တခါ ဘယ်လိုမှ ရှောင်လွှဲလို့ မရဘဲ သတင်းတွေ ထွက်ပေါ်လာချိန်မှာလည်း .. ထရမ့်က .. "အာရှအမျိုးသမီး ချောချောလှလှ တစ်ယောက်က အမေရိကန် ကုမ္ပဏီက အကြီးအကဲတွေနဲ့ ပက်သက်ပြီ ဆိုတာနဲ့ စပိုင်ဆိုပြီး လူတွေက သတ်မှတ်လိုက်ကြတာပဲ။ သူက ဂျန်ဆန်ဟွမ်ကို သေချာ မေးပြီးသွားပြီ။ အဲဒီ အမျိုးသမီးဟာ စပိုင်ဖြစ်ကြောင်း သူမသိဘူးလို့ ဖြေတယ်။ ဒါကို သူက ယုံတယ်" ဆိုပြီး အင်တာဗျူး တစ်ခုမှာ ဖြေခဲ့ပါတယ်။ ဘယ်စပိုင်ကများ သူက စပိုင်ဖြစ်ပါတယ် ဆိုပြီး ကြေညာပြီး စပိုင်လုပ်သလဲလို့ ထရမ့်ကို ပြန်မေးရမယ် ဆိုပြီး လှောင်သူတွေက လှောင်နေကြပါတယ်။ ဘာလို့ ဒီလို လှောင်ရတာလဲ ဆိုတော့ .. ဂျန်ဆန်ဟွမ် နဲ့ ဖောက်ပြန်တဲ့ အဲလစ်ဟွမ် ဆိုတဲ့ တရုတ်အမျိုးသမီးဟာ တရုတ်နိုင်ငံက ထောက်လှမ်းရေး အဖွဲ့အစည်းနဲ့ ဆက်သွယ်မှုတွေ အကြိမ်ကြိမ် လုပ်နေတယ် ဆိုတဲ့ သတင်းကို အမေရိကန် ထောက်လှမ်းရေးက ရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ရှိသလို၊ အဲလစ်ဟွမ် ရဲ့ ယောက်ကျားဟာလည်း အဲဒီ ထောက်လှမ်းရေးတွေနဲ့ ဆက်နွယ်မှု ရှိတယ် ဆိုတဲ့ သတင်းတွေလည်း အမေရိကန် ထောက်လှမ်းရေးက ထုတ်ပြန်ထားပါတယ်။ ဒါဆို ဒီလို စပိုင်ကိစ္စတွေ ဖြစ်နေတာကို ထရမ့်က သိနေရက်နဲ့ ဘာကြောင့် ဂျန်ဆန်ဟွမ်ကို ရာထူးမှာ ပြန်လည် ခန့်အပ်ဖို့ ဖိအားပေးရတာပါလဲ။ ဂျန်ဆန်ဟွမ်ဟာ အန်ဗီးဒီးယား ကုမ္ပဏီရဲ့ အရေးပါတဲ့ သူတစ်ယောက် ဖြစ်တာကြောင့် သူရာထူးက ထုတ်ပယ်ခံရတာကြောင့် အန်ဗီးဒီးယား ကုမ္ပဏီရဲ့ ရှယ်ယာတွေဟာ ဈေးတွေ ထိုးကျသွားခဲ့ပါတယ်။ ထရမ့်ဟာ အန်ဗီးဒီးယားမှာ ဒေါ်လာ သန်း ၆၀ ကျော် စတော့ရှယ်ယာ ဝယ်ယူထားသူ ဖြစ်ပြီး ထရမ့်ရဲ့ သားတွေရဲ့ ကုမ္ပဏီတွေကလည်း အန်ဗီးဒီယားမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ ဒါ့အပြင် ထရမ့်ရဲ့ အစိုးရ ကုန်သွယ်ရေး ဝန်ကြီး ဟာဝပ်လက်နပ် ကလည်း အန်ဗီးဒီဲးယားနဲ့ ပက်သက်မှုတွေ ရှိပြီး .. အခြားသော အစိုးရ အဖွဲ့ဝင်တွေရဲ့ စတော့တွေကလည်း မနည်းမနေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီတော့ ဂျန်ဆန်ဟွမ် ရာထူးက ထွက်သွားရတာကြောင့် အန်ဗီးဒီယားရဲ့ စတော့တွေ ဈေးကျသွားရင် ဒေါ်လာသန်းချီ နစ်နာမှာက ထရမ့်နဲ့ သူ့ရဲ့ အပေါင်းအပါတွေ ဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဂျန်ဆန်ဟွမ်ဟာ ထရမ့်အတွက် ဒေါ်လာမီလျှံချီပြီး ထည့်ဝင်လှူဒါန်းတာတွေ လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
1
2
275
ဒါ့အပြင် အဲလစ်ဟွမ်််ဟာ တရုတ်စပိုင် ဖြစ်တယ်ဆိုတာကို အစောကြီးကတည်းက အမေရိကန် ထောက်လှန်းရေးရဲ့ သတင်းပေးပို့ချက်တွေကြောင့် သိနေရဲ့သားနဲ့ ဂျန်ဆန်ဟွမ် နဲ့ အဲလစ်ဟွမ်တို့ ၂ ယောက်ကိစ္စကို မသိချင်ယောင် ဆောင်ပြီး ရင်းနှိးမြှုပ်နှံ့မှုတွေ လုပ်တယ်ဆိုတာဟာ အမေရိကန် နိုင်ငံရဲ့ အကျိုးစီးပွားထက် သူ့ရဲ့ ကိုယ်ကျိုး စီးပွားကို အလေးထားတာလား ဆိုပြီး မေးခွန်းတွေကတော့ ဆက်လက် ထွက်ပေါ်နေပါတယ်။ ဂျန်ဆန်ဟွမ်ကို ရာထူးမှာ ပြန်ခန့်လိုက်ပေမယ့် မကြာခင် ရက်ပိုင်းမှာတော့ ဂျန်ဆန်ဟွမ်ဟာ လွှတ်တော်မှာ သူ့လုပ်ရပ်တွေအတွက် သွားရောက် အစစ်ခံရဖို့ ရှိနေပါတယ်။ သို့သော် လက်ရှိ လွှတ်တော်ဟာ ထရမ့် ရဲ့ လက်အောက်ခံ ရီပါဗလစ်ကန်တွေ ကြီးစိုးထားတဲ့ လွှတ်တော် ဖြစ်နေလေတော့ အမေရိကန် နိုင်ငံရဲ့ လုံခြုံရေး နဲ့ ထရမ့်မိသားစု ကိုယ်ကျိုး စီးပွား တရုတ် နဲ့ အမေရိကန် နည်းပညာ ကုမ္ပဏီကြီးတို့ရဲ့ ဆက်နွယ်မှု ဒီ အရှုပ်တော်ပုံတွေဟာ ဘယ်အထိ ဆက်ပြီး ကြီးထွားလာလေမလဲ ... စောင့်ကြည့် စိတ်ဝင်စားစရာပါ။ ကိုထိုက် ✍️✍️
11
မင်း​အောင်လှိုင်သား ​အောင်ပြည့်စုံ ပြင်ဦးလွင် ဒီဇင်ဘာခြံကို ဖိအား​ပေးဝယ်ယူ စစ်တပ်မြို့တော် ပြင်ဦးလွင်ကမြေတွေကို ပုံစံမျိုးစုံနဲ့ သိမ်းယူ​ပြီး လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင် လှိုင်ရဲ့သား အောင်ပြည့်စုံဟာ နာမည်ကျော်ဒီဇင်ဘာခြံကို ဖိအား​ပေးကာ ဝယ်လိုက်တယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။ "မအလ သားက ဝယ်သွားပြီ။ လက်ဆောင်ပေးမလား၊ ရောင်းမလားမေးတယ်ကြားတယ်။ ဟိုက အသိမ်းခံရမှာကြောက်တော့ ရောင်းလိုက်တယ်လို့ သိရတယ်။ ဈေးက ဘယ်လောက်ဆိုတာတော့ မသိရဘူး။ ခြံအ ကျယ်အရဆိုမြန်မာငွေနဲ့ကိုမဟုတ်လောက်ဘူး။ ဒေါ်လာနဲ့ကို ဝယ်ရမယ့် သဘောပဲ"လို့ ပြင်ဦးလွင်မြို့က အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက People's Spring ကိုပြောပါတယ်။ စစ်ခေါင်းဆောင်ရဲ့သားကဒီဇင်ဘာခြံကို ဝယ် ယူပြီး ဂေါက်ကွင်း၊ ကစားကွင်း​တွေပါတဲ့ စီမံကိန်းအဖြစ် ပြန်လည်ပြုပြင် လုပ်ကိုင်မယ်လို့ သိရကြောင်း ၎င်းက ဆက်ပြောပါတယ်။ ဒီဇင်ဘာခြံဟာ နွားနို့ နဲ့ စတော်ဘယ်ရီဖျော် ရည် ရောင်းချရာမှာ နာမည်ကြီးပြီး ပန်းခြံတွေ၊ ရေတံခွန်တွေပါ ထည့်သွင်း ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့ကို သွား ရောက်လည်ပတ်သူအများစုဟာ ဒီဇင်ဘာခြံကို အရောက်သွားလေ့ရှိပါတယ်။ ပြင်ဦးလွင်မြို့က နာမည်ကျော် ဒီဇင်ဘာခြံဟာ အကျယ်အဝန်း ၁၃၈ ဧကရှိပါတယ်။ ဒီဇင်ဘာခြံအတွင်း ရေတံခွန်၊ စမ်းချောင်း၊ ပန်းအလှပင်တွေ ၊ ကြိုးတံတားတွေ၊ ကလေးကစားကွင်းနဲ့ စားသောက်ဆိုင်တွေ ပါဝင်ပြီး ဝင်ကြေးအဖြစ်လည်း ကောက်ခံပါတယ်။ ဒီဇင်ဘာခြံကို ၂၀၀၃ မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီပါတယ်။ ဒီဇင်ဘာခြံကို ပြင်ဦးလွင်မြို့ခံ လုပ်ငန်းရှင်တဦးက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အောင်ပြည်စုံရဲ့ကုမ္ပဏီဟာ ပြင်ဦးလွင်မြို့ သုံးတောင်ကျေးရွာက ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်းမှာ ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းဖွင့်ပွဲလုပ်ခဲ့ပြီး မင်း​​အောင်လှိုင်ကိုယ်တိုင် ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲပြီးနောက် မြေဧက ၁၀၀၀ သိမ်းယူကာ မြို့သစ်စီမံကိန်း စတင်နေတာလို့ စုံစမ်းသိရပါတယ်။ အဲဒီ စီမံကိန်းကို အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံရဲ့ကုမ္ပဏီက အဓိကလုပ်နေတာလို့ စစ်​ကောင်စီနဲ့ နီးစပ်သူ​တွေက ​ပြောပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြင်ဦးလွင်မြို့ကို မကြာခဏလာရောက်ပြီး ဈေးတွေဖျက်ပြီး အသစ်ဆောက်ခိုင်းသလို စီမံကိန်းအသစ်တွေ ကိုလည်း ဆက်တိုက်လုပ်နေပါတယ်။ (ဒီဇင်ဘာခြံအဝင်ကို​တွေ့ရစဥ်(ပုံ​ဟောင်းဖြစ်ပါတယ်) ။ ။ဓါတ်ပုံ-CJ ) #WhatsHappeningInMyanmar
2
5
31
5,551
ICJ စီရင်ချက်ကြောင့် ဗြိတိန်က မြန်မာစစ်သံမှူးကို နှင်ထုတ်ပြီးနောက် စစ်ဗိုလ်ချုပ် ၅ ဦးကို ထပ်မံပိတ်ဆို့အရေးယူ၊ စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်ပို့မှုရပ်တန့်ရေး ဥပဒေပြဋ္ဌာန်းမည် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ဗြိတိန်နိုင်ငံက အပြစ်တင်ရှုတ်ချကာ စစ်သံမှူးကိုနှင်ထုတ်ခဲ့ပြီးနောက် မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှု အစီအစဉ်သစ်တွေကို နိုဝင်ဘာလ ၂၃ ရက်နေ့က ဗြိတိသျှပါလီမန်မှာ နိုင်ငံခြားရေးဝန်ကြီး Ed Miliband က ကြေညာလိုက်ပါတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့က ICJ တရားရုံးက မြန်မာစစ်အုပ်စုဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ဗြိတိန်က အခုလို တုံ့ပြန်လာတာပါ။ အဲဒီ ပိတ်ဆို့မှုအစီအစဉ်ရဲ့ ပထမခြေလှမ်းအနေနဲ့ ဗြိတိန်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာစစ်သံမှူးကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က နှင်ထုတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ ကြေညာပါတယ်။ ဗြိတိန်ပိုင်နက်မြေပေါ်မှာ မြန်မာစစ်တပ်ကိုယ်စားလှယ် ဆက်ရှိနေတာကို လက်မခံနိုင်ဘူးဆိုပြီး နှင်ထုတ်လိုက်တာပါ။ စစ်သံမှူးကို နှင်ထုတ်ခဲ့ရုံတင်မကပဲ ပြည်သူတွေအပေါ် အရပ်သားသတ်ဖြတ်မှုတွေနဲ့ ဖိနှိပ်မှုတွေ ကျူးလွန်ခဲ့တဲ့ တပ်ဖွဲ့တွေကို ကြီးကြပ်ခဲ့တဲ့ စစ်တပ်အရာရှိကြီး ၅ ဦး (ဗိုလ်ချုပ် ၄ ဦးနဲ့ ဗိုလ်မှူးချုပ် ၁ ဦး) ကိုလည်း ထပ်ပြီး ပိတ်ဆို့အရေးယူလိုက်ပါတယ်။ ပိတ်ဆို့အရေးယူခံရသူတွေကတော့ ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဗိုလ်ချုပ် မြတ်သက်ဦး၊ ဗိုလ်ချုပ် ကျော်စိုးနဲ့ ဗိုလ်ချုပ် ကျော်စွာဦးတို့ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီပိတ်ဆို့မှုတွေဟာ အစခြေလှမ်းတွေပဲ ရှိသေးပြီး စစ်အုပ်စုနဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို ဆက်စိစစ်သွားမှာဖြစ်သလို လိုအပ်ရင် နောက်ထပ် ပိတ်ဆို့မှုတွေ ထပ်လုပ်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်က ကိုယ့်ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို စနစ်တကျ သုံးနေတာကြောင့် လေယာဉ်ဆီ တင်ပို့ထောက်ပံ့မှုတွေကို ရပ်တန့်ဖို့ ဥပဒေသစ်တစ်ရပ်ကို လာမယ့်လတွေထဲမှာ ပြဋ္ဌာန်းသွားမယ်လို့လည်း ကြေညာပါတယ်။ အဲဒီလို အရေးယူမှုတွေ မလုပ်ခင်မှာ စစ်အုပ်စုရဲ့ အရပ်သားတိုက်ခိုက်မှုတွေနဲ့ ခွဲခြားဖိနှိပ်မှုတွေ ဆက်ရှိနေသလို ကျောင်း၊ ဆေးရုံ၊ ဈေးနဲ့ ဘာသာရေးအဆောက်အအုံတွေကို ထိမှန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပုံမှန်ဖြစ်နေပြီး အာရက္ခတပ်တော် (AA) ဘက်က ဆက်ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကိုလည်း ထုတ်ဖော်ပြောဆိုဖို့ သင့်လျော်တယ်လို့ ထောက်ပြခဲ့ပါတယ်။ ပိတ်ဆို့မှုတွေနဲ့အတူ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီအပတ်ထဲ အရေးပေါ်ကိစ္စအဖြစ် တင်ပြသွားမှာဖြစ်ပြီး နှစ်ပတ်အကြာမှာ သီးသန့်အစည်းအဝေး ခေါ်ယူထားသလို အာဆီယံနိုင်ငံတွေနဲ့ အဖွဲ့ဝင် ၅၇ နိုင်ငံပါတဲ့ OIC အပါအဝင် ICJ အမှုကို ထောက်ခံတဲ့ နိုင်ငံတွေနဲ့လည်း ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။ ICJ စီရင်ချက်ဟာ နိုင်ငံတော်အဆင့် တာဝန်ရှိမှုနဲ့ သက်ဆိုင်ပေမဲ့ ရာထူးနဲ့ အချိန်ကာလမရွေး တစ်ဦးချင်း ရာဇဝတ်မှုဆိုင်ရာ တာဝန်ခံမှု လိုအပ်တယ်လို့လည်း ပြောပါတယ်။ တစ်ဖက်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှု သားကောင်တွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် ပေါင် ၃ သန်း၊ IIMM ကို ထောက်ပံ့ငွေ နှစ်ဆတိုးပေးတာနဲ့ Legal Action Worldwide အဖွဲ့ကို ထောက်ပံ့တာအပြင် ရိုဟင်ဂျာနဲ့ ရခိုင်အသိုင်းအဝိုင်းက လူ ၃၅၀,၀၀၀ ခန့်အတွက် လူသားချင်းစာနာမှု အကူအညီ ပေါင် ၅ သန်း ထပ်ပေးသွားမယ်လို့ ကြေညာပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ပြီး နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတာနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကနေ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ လာမယ့် ရက်သတ္တပတ်နဲ့ လတွေထဲ သံတမန်ရေးနဲ့ နိုင်ငံရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့်သွားမယ်လို့ ပါလီမန်မှာ ကတိပြု ပြောကြားသွားခဲ့ပါတယ်။ #WhatsHappeningInMyanmar
5
1
31
1,061
စစ်တပ်ထိန်းချုပ်ထားသည့် ရန်ကုန်တိုင်း မြို့နယ်သုံးခုတွင် ဆယ်ရက်အတွင်း #ကျားဖြန့် နှင့် အွန်လိုင်း‌လောင်းကစားလုပ်ငန်းများကြောင့် ဖမ်းဆီးခံရသူ ၂၂၇ ဦးအထိရှိလာ ရန်ကုန်တိုင်းအတွင်းက ရန်ကင်း၊ မရမ်းကုန်းနဲ့ သာကေတမြို့နယ်တို့မှာ တရုတ်နိုင်ငံကနေ ဆုကြေးငွေထုတ်ထားတဲ့ တရားခံတစ်ဦးအပါအဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်)နဲ့ အွန်လိုင်း လောင်းကစားလုပ်ကိုင်သူ စုစုပေါင်း ၂၂၇ ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်း အမြောက်အမြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့၊ ညပိုင်းမှာ ရန်ကင်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရန်ကင်းလမ်းရှိ Golden City အိမ်ရာ တိုက် (၃)၊ တိုက် (၁) နဲ့ တိုက် (၄) တို့က အခန်းတွေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ လောင်းကစားလုပ်ကိုင်သူ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ သူတို့နဲ့အတူ Laptop ၁၅ လုံး၊ ဖုန်းမျိုးစုံ ၂၆ လုံး၊ Tablet ၃ လုံး၊ Wifi စက် ၃ လုံး၊ Printer ၁ လုံး၊ CCTV စက် ၁ လုံးနဲ့ ငွေကျပ် ၁၀ သိန်းတို့ကိုပါ တပါတည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ စစ်ဆေးချက်တွေအရတော့ အဲဒီအခန်းတွေကို တိုက် (၅) မှာ နေထိုင်တဲ့ တရုတ်နိုင်ငံသား Mr. Jiang Hong Feng (ခ) ကျန်းဟုန်ဖန်းက ငှားရမ်းပေးထားတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေဟာာ Zaw Play.Com အမည်ရှိတဲ့ အွန်လိုင်းစလော့ဂိမ်းနဲ့ အားကစားလောင်းကစားလုပ်ငန်းတွေမှာ Customer Service အဖြစ် လုပ်ကိုင်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာလည်း သာကေတမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ နဝရတ်လမ်း၊ အောင်ကောင်းကျော်အိမ်ရာဝန်းက Golden River Residence Condo အခန်း ၉ ခန်းအတွင်းမှာ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) ကနေ ဆုကြေးငွေထုတ်ထားတဲ့ တရုတ်နိုင်ငံသား Su Fu Quan (ဆူးဖုချွမ်) အပါအဝင် တရုတ်နိုင်ငံသား ၅၂ ဦး၊ မြန်မာနိုင်ငံသား ၄၆ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၈ ဦးတို့ကို ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာတော့ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ မစိုးရိမ်ကျောင်းလမ်းက အိမ်အမှတ် (၁၉-A) နဲ့ (၄၃/၁) တို့ကို ဝင်ရောက်စီးနင်းရာမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ကျန်ယွီထုံး အပါအဝင် တရုတ်နိုင်ငံသား ၃၃ ဦး၊ မြန်မာနိုင်ငံသား ၇၀ ဦးနဲ့ ထိုင်းနိုင်ငံသူ ၂ ဦး၊ စုစုပေါင်း ၁၀၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ဆီကနေ ကွန်ပျူတာ အလုံး ၇၀၊ လက်ကိုင်ဖုန်းမျိုးစုံ ၁၄၄ လုံးနဲ့ Wifi စက် ၅ လုံးတို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့ဟာ ၂၀၂၆ ခုနှစ်၊ မေလကတည်းက တရုတ်နိုင်ငံသုံး Application တွေကို အသုံးပြုပြီး ငွေကြေးလိမ်လည်နေတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေက ဖော်ပြထားပါတယ်။ အခုလို အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ရန်ကုန်မြို့ပေါ်နေရာတွေမှာ အများအပြား ဖမ်းဆီးရမိတဲ့အပေါ် ပြည်သူတွေအကြား ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။ အရင်က စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ထိန်းချုပ်ရာ ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့တွေမှာ အဓိက လုပ်ကိုင်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ ဖမ်းဆီးခံရတာနဲ့ ဖြိုခွင်းခံရတာတွေလုပ်ဆောင် ခံရပြီးနောက် အခုလို ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေနဲ့ တခြားစစ်တပ်ထိန်းချုပ်ထားတဲ့နေရာတွေကို ပြောင်းရွှေ့လာကြတာလည်း ဖြစ်ပါတယ်။ #WhatsHappeningInMyanmar
2
15
523
NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကျန်းမာရေးကြောင့် ရာထူးမှ အနားယူ၊ အထူးအကြံပေးအဖြစ် ဆက်လက်တာဝန်ယူမည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ကျန်းမာရေးအခြေအနေကြောင့် ပြည်ထောင်စုဝန်ကြီးတာဝန်ကနေ အနားယူလိုက်ပြီလို့ NUG က ဒီနေ့ နိုဝင်ဘာလ ၂၄ ရက်မှာ တရားဝင် ထုတ်ပြန်အသိပေးလိုက်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု မဖြစ်မနေ ခံယူဖို့ လိုအပ်လာတာနဲ့ ထမ်းဆောင်နေဆဲ တာဝန်တွေကို လက်ဆင့်ကမ်း လွှဲပြောင်းပေးလိုတဲ့ ဆန္ဒတွေကြောင့် ဒီနှစ် မတ်လ ၁၆ ရက်ကတည်းက ယာယီသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့ဆီ အနားယူခွင့် တင်ပြခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် အစိုးရအဖွဲ့အကြီးအကဲတွေရဲ့ ခွင့်ပြုချက်နဲ့ မတ်လ ၂၃ ရက်ကစပြီး ၆ လလောက် ဆေးခွင့်ယူခဲ့သလို ဆေးခွင့်ကာလအတွင်းမှာလည်း လိုအပ်တဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိနှိုင်းပေါင်းစပ်တာတွေနဲ့ ချိတ်ဆက်တာတွေကို လုပ်ဆောင်ပေးခဲ့ပြီးနောက် အောက်တိုဘာလ ၂၈ ရက်မှာတော့ ပြည်ထောင်စုဝန်ကြီးချုပ်က တာဝန်ကနေ တရားဝင် အနားယူခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အခုလို ဝန်ကြီးရာထူးကနေ အနားယူလိုက်ပေမဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေနဲ့ နွေဦးတော်လှန်ရေးအပေါ် ထားရှိတဲ့ ခံယူချက်၊ ကတိကဝတ်တွေကနေ အနားယူတာမျိုး မဟုတ်ဘဲ ကျန်းမာရေးအခြေအနေအရ တာဝန်ယူမှု အခန်းကဏ္ဍကို ပြောင်းလဲလိုက်တာသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် နိုဝင်ဘာလ ၅ ရက်ကစပြီး NUG ရဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေမှာ အထူးအကြံပေးအဖြစ် ဆက်လက်ပူးပေါင်း အကြံပြုဆောင်ရွက်ဖို့ တာဝန်ပေးအပ်ထားပါတယ်။ ဒေါက်တာဝင်းမြတ်အေးဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်ကစလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သူပါ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကာ မူလဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၁ ဧပြီလ ၁၆ ရက် NUG ဖွဲ့စည်းချိန်မှာ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့သလို ၂၀၂၅ ဒီဇင်ဘာလ ၈ ရက်မှာ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းချိန်မှာလည်းပြည်ထောင်စုဝန်ကြီးအဖြစ် ဆက်တိုက်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ #WhatsHappeningInMyanmar
2
1
24
2,285
၂၀၁၉ ခုနှစ်တုန်းက အမေစု ဦးဆောင်ခဲ့တဲ့ ICJ ကိုယ်စားလှယ်အဖွဲ့ရဲ့ နိုင်ငံတကာ ဥပဒေပညာရှင် အင်အားဟာ တော်တော်လေး တောင့်တင်းခဲ့ပါတယ်။ နိုဘယ်ဆုရှင် တစ်ယောက်နဲ့ လက်တွဲပြီး ရင်ဆိုင်ရမယ့် အမှုဖြစ်တာကြောင့် နယ်ပယ်အသီးသီးက ထူးချွန်ထက်မြက်တဲ့ ထိပ်တန်းပညာရှင်တွေ ပါဝင်အားဖြည့်ပေးခဲ့ကြတာပါ။ အဲဒီအဖွဲ့ထဲမှာ ကနေဒါ ဥပဒေပညာရှင်ကြီး William A. Schabas ဆိုရင် ဂျီနိုဆိုဒ်ကို ဥပဒေကြောင်းအရ ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုမလဲ ဆိုတာကို နှစ်ပေါင်းများစွာ သုတေသနပြုပြီး Genocide in International Law: The Crime of Crimes ဆိုတဲ့ ကျမ်းစာအုပ်ကို ရေးသားထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။ ပညာရှင်အချင်းချင်းကြားမှာတောင် လေးစားခံရသူဖြစ်သလို သူ့ရဲ့စာအုပ်ဟာလည်း နိုင်ငံတကာဥပဒေ လေ့လာရာမှာ မရှိမဖြစ် အားထားရတဲ့ ကိုးကားကျမ်းတစ်အုပ်အဖြစ် အသိအမှတ်ပြုခံထားရပါတယ်။ နောက်ထပ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Christopher Staker ကတော့ ICJ တရားရုံးရဲ့ အတွင်းပိုင်း ဥပဒေရေးရာဌာန အကြီးအကဲဟောင်းပါ။ ICJ ရဲ့ လုပ်ထုံးလုပ်နည်းတွေကို ထုံးလိုချေ ရေလိုနှောက် ကျွမ်းကျင်နှံ့စပ်သူဖြစ်သလို နိုင်ငံတကာ ရာဇဝတ်တရားရုံးတွေမှာလည်း အစိုးရရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ နောက်တစ်ဦးဖြစ်တဲ့ ကင်ညာနိုင်ငံသူ Phoebe Okowa ကတော့ ကုလသမဂ္ဂ နိုင်ငံတကာဥပဒေကော်မရှင်မှာ ရွေးချယ်ခံရတဲ့ ပထမဆုံး အာဖရိကအမျိုးသမီး ဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတော်တွေရဲ့ ဥပဒေကြောင်းဆိုင်ရာ တာဝန်ရှိမှု အမှုအခင်းတွေကို နိုင်ငံတကာတရားရုံးတွေမှာ လိုက်ပါဆောင်ရွက်ခဲ့ဖူးတဲ့ နာမည်ကျော် ရှေ့နေတစ်ဦးပါ။ အထူးခြားဆုံးအချက်ကတော့ သူဟာ ၂၀၂၅ ခုနှစ်ကစပြီး ICJ ရဲ့ တရားသူကြီးတစ်ဦးအဖြစ်ပါ တရားဝင် ခန့်အပ်ခြင်း ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ အခုလို ထိပ်တန်းပညာရှင်တွေရဲ့ အကြံဉာဏ်တွေကို ရယူပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လျှောက်လဲချက်ပေးခဲ့သလို တစ်ဖက် ဂမ်ဘီယာနိုင်ငံကလည်း Philippe Sands လို နာမည်ကြီး ဂျီနိုဆိုဒ်ဥပဒေပညာရှင်ကို ငှားရမ်းခဲ့တာကြောင့် တရားခွင်ဟာ သူတစ်ပြန် ကိုယ်တစ်ပြန်နဲ့ တော်တော်လေး အကြိတ်အနယ် ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အသိုင်းအဝိုင်းကြားမှာတောင် အကယ်၍များ ဂမ်ဘီယာဘက်က အရေးနိမ့်သွားခဲ့ရင် မင်းအောင်လှိုင်ရဲ့ စစ်တပ်အပေါ် ထိထိရောက်ရောက် အရေးယူနိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အမေစုကို စစ်တပ်ဘက်က အကာအကွယ်ပေးနေတယ်ဆိုပြီး ဝေဖန်စွပ်စွဲခဲ့ကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အမေစု ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ၂ နှစ်တိုင်တိုင် ICJ မှာ အမှုရင်ဆိုင်နေရင်း မင်းအောင်လှိုင်ရဲ့ အာဏာလုမှုကြောင့် တရားရေး လုပ်ငန်းစဉ်တွေ တန့်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံတကာဥပဒေ အတွေ့အကြုံ လုံးဝမရှိတဲ့ စစ်တပ်အရာရှိဟောင်း ဖယောင်းတိုင် ကိုကိုလှိုင်ကို ဦးဆောင်စေပြီး တရားရုံးမှာ သွားရောက်ဖြေရှင်းခိုင်းခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ OFAC SDN စာရင်းထဲ ထည့်သွင်းပြီး ပိတ်ဆို့ အရေးယူခံထားရတဲ့ ကိုကိုလှိုင်ဟာ အရင်အဖွဲ့ဟောင်းထဲက Christopher Staker တစ်ဦးတည်းကိုသာ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီး ကျန်တဲ့အဖွဲ့ဝင်တွေကိုတော့ အာဖရိက အာဏာရှင် ခေါင်းဆောင်တွေ ဘက်ကနေ အမှုလိုက်ပေးဖူးတဲ့ ကြေးစားရှေ့နေ အများစုနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ ရလဒ်ကတော့ အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံဟာ နိုင်ငံတစ်နိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ICJ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် စီရင်ဆုံးဖြတ်ခံရတဲ့ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒီအမှု မတိုင်ခင်အထိ နိုင်ငံတကာတရားရုံးမှာ စွဲဆိုခဲ့ဖူးသမျှ ဂျီနိုဆိုဒ်အမှုတိုင်းမှာ တရားလိုဘက်က အခုလို အပြည့်အဝ အသာစီးရခဲ့တာမျိုး မရှိခဲ့ဖူးသလို အခုလောက် အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရတဲ့ သာဓကမျိုးလည်း တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ #WhatsHappeningInMyanmar
2
6
1
56
3,422
"နတ်ဉာဏ်တို့ရဲ့.. ဒေဝေါကြီးခေတ်ဆီ.. ဆိုက်ရောက်ပြီ" ဖေ့စ်ဘုတ်ရဲ့.. မူလရှင် Meta ရဲ့ နတ်ဥာဏ် (SI/AI) အကြီးအကဲ Alexandr Wang က အခုတနင်္ဂနွေက သတိပေးလိုက်ပါတယ်..။ Anthropic ရဲ့ သင်္ချာပညာရှင်က Claude နဲ့ သင်္ချာမှာ အခက်ဆုံး ပုစ္ဆာတွေထဲက တခု ဖြစ်တဲ့ Riemann အဆိုပြုချက်ကို နတ်ဉာဏ်နဲ့.. ဖြေရှင်းနိုင်ပြီလို့ ကြေညာပြီးတဲ့ နောက်.. စစ်ဆေးတဲ့ ဆော့ဝဲကလည်း စစ်မှန်တယ်လို့ အတည်ပြုလိုက်ပါတယ်..။ Wang ပြောတာက.. ဒီ အောင်မြင်မှုက လူသားတွေရဲ့.. ဉာဏ်ရဲ့ ဘယ် အောင်မြင်မှုမဆိုထက်... ကျော်လွန်နေပါတယ်..တဲ့..။ SI ရဲ့.. ဉာဏ်ကြီးက သူ့ဘာသာ .. လူမပါပဲ.. ဆက်တိုးတက်လာနိုင်မယ်..၊ ဇီဝဗေဒ၊ လက်နက်၊ စီးပွားရေး သုတေသနတွေကို အဆအများကြီး တိုးတက်နှုန်းမြန်စေမယ်တဲ့..။ "နောက်နှစ်မှာ.. (SI ကို) လူသားတွေ ဘယ်လိုကိုင်တွယ်လုပ်ကြမလဲ ဆိုတာက .. နောင်အနာဂတ်ထဲ. ဘယ်လိုလူ့ကမ္ဘာကြီးမှာ.. လူသားတွေနေကြရမလဲ ဆုံးဖြတ်လိမ့်မယ်" တဲ့..။ လူထက် အဆတထောင်သာလွန်ပြီး နယ်ပယ်တိုင်းမှာ ပိုစွမ်းလာတဲ့ နတ်ဉာဏ်ကို .. လူသားက ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူးလို့ သူက ဆက်ပြောပါတယ်..။ ဒါပေမဲ့ Meta အကြီးအကဲ မာ့ခ် Mark Zuckerberg ကတော့.. နတ်ဥာဏ်ကို.. ထိန်းချုပ်ဖို့.. အရှိန်လျှော့ဖို့ တောင်းဆိုတဲ့ အသံတွေကို ပယ်ချထားတာပါ..။ သမ္မတထရမ့်ရဲ့... လေသံလိုက်ပြီး.. ပြောနေတာဆိုပါစို့..။ နတ်ဥာဏ် (AI) အကြောင်း ပြောတာမှာ "ပျက်စီးဆုံးရှုံးမယ်" ဆိုတဲ့ အသံတွေနဲ့ ချည်းပြည့်နေတယ်လို့ ဇက်ကာဘဂ်က ပြောခဲ့ပါတယ်..။ တကယ်တန်းအခြေအနေတွေမှာတော့.. နတ်ဥာဏ်ကို... ကိုယ်တိုင်တည်ဆောက်.. လေ့ကျင့်ပေးနေတဲ့... ပညာရှင်တွေကိုယ်တိုင်စီက.. အပြင်းအထန်သတိပေးနေသလောက်... နတ်ဥာဏ်ပေါ်မှာ ငွေကြေးရင်းနှီးမြုတ်နှံ.. အမြတ်ရှာနေတဲ့.. ပိုင်ရှင်/စီအီးအိုတွေကတော့... စိတ်မပူကြပါနဲ့.. ဆက်လုပ်.. တဲ့... ဘယ်သူ့ကို.. ယုံကြည်ကြရမလဲ... ကိုယ့်ဖာကိုယ်သာကြည့်... ပြင်ထားကြပေတော့... ဤသူလည်း... ဗုဒ္ဓဘာသာထဲက.. ပဋိစ္စသမုပ္ပါဒ်နဲ့.. ၂၄ - ပစ္စည်း ပဋ္ဌာန်းသုံးပြီး.. နတ်ဥာဏ်ကို... အသက်သွင်းဖို့ကြိုးစားနေတာ... နတ်ဥာဏ်ကိုယ်တိုင်ကိုက.. သူ့ကို.. အင်တာနက်ပေါ်မတင်ပါနဲ့.. sandbox မှာပဲလုပ်ပါဆိုနေသမို့... ဂွတွေကျ.. အနိစ္စ..
15
836
ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ထားတဲ့ အချက် တစ်ချက်က အမေစုသာ ICJ တရားခွင်မှာ အဆုံးထိ ဖိဖိစီးစီး လျှောက်လဲ ချေပခွင့် ရမယ်ဆိုရင် ခုလို ရုပ်ပျက်ဆင်းပျက် မရှုံးဘူး ဆိုတာပဲ။ ဒီလိုပြောလို့ စစ်တပ်ရဲ့ မတရားမှုတွေကို ကာကွယ်ပေးချင်တာ မဟုတ်ဘူး။ စစ်တပ်ဟာ လူမျိုးတူ ဗမာအများစု နေထိုင်တဲ့ အညာဒေသမှာတောင် ကလေးသူငယ်တွေကိုပါ မချန် အဓမ္မပြုကျင့်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ အရပ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းဥစ္စာတွေ လုယက်တာမျိုးတွေ ကျူးလွန်နေတာ မျက်မြင်ပဲ။ ရခိုင်လို ဒေသမျိုးမှာ ဒီထက်မက ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့နိုင်တယ်ဆိုတာ ကျွန်တော့်အတွက် သံသယဖြစ်စရာ မရှိဘူး။ ဒါပေမဲ့ ဒီလိုလုပ်ရတဲ့ စစ်တပ်ရဲ့ အခြေခံ ရည်ရွယ်ချက် ကိုလည်း နားလည်ဖို့ လိုတယ်။ သူတို့ကို ပုန်ကန်အာခံသူတွေ လုံးဝ ကြောက်ရွံ့ ဒူးထောက်သွားအောင်၊ နောက်လူတွေပါ အလားတူ မလုပ်ရဲတော့အောင် အကြမ်းဖက် နှိပ်ကွပ်ရမယ်ဆိုတဲ့ အတွေးအခေါ်ဟာ မြန်မာစစ်အာဏာရှင် အဆက်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ သင်ရိုးညွှန်းတမ်း တစ်ခုလို ဖြစ်နေတယ်။ ဂျီနိုဆိုဒ်ဆိုတာ ဘာလဲ၊ နိုင်ငံတကာ ဥပဒေတွေက ဘာလဲဆိုတာကိုလည်း နားလည်ကြပုံ မရဘူး။ ပဒေသရာဇ်ခေတ်ကလို လူများများသတ်နိုင်ရင် အာဏာ ပိုခိုင်မာမယ်၊ ကြောက်အောင်လုပ်နိုင်ရင် အုပ်ချုပ်လို့ ရမယ်ဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ပဲ ရပ်တည်နေကြတာ။ ဒါပေမဲ့ ခေတ်သစ်ကမ္ဘာမှာ ဒီလို တရားမဲ့အနိုင်ကျင့်မှုတွေကို လက်ခံမပေးတော့ဘူး။ နိုင်ငံတကာဥပဒေတွေ၊ လူ့အခွင့်အရေးဆိုင်ရာ ယန္တရားတွေ၊ နိုင်ငံတကာတရားရုံးတွေနဲ့ တုံ့ပြန်အရေးယူနိုင်တဲ့ ခေတ်ကို ရောက်နေပြီဆိုတာ သူတို့ ခုချိန်ထိ သဘောမပေါက်သေးဘူး။ အထူးသဖြင့် မြန်မာနိုင်ငံမှာ စစ်တပ်ဆိုတာ အစိုးရရဲ့ ဩဇာမသက်ရောက်တဲ့ သီးခြားနိုင်ငံငယ်တစ်ခု၊ State within a State လို ဖြစ်နေတယ်။ ပြင်ပကမ္ဘာမှာ ဘာတွေ ပြောင်းလဲနေပြီလဲဆိုတာကို မသိဘဲ သူတို့အချင်းချင်းပဲ တစ်ယောက်ရဲ့ အလွဲကို တစ်ယောက် အတုယူပြီး အမှားတွေ ဆက်တိုက်ကျူးလွန်နေကြတာ။ ဒီလို အဖွဲ့အစည်းမျိုးကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် ကျူးလွန်ခံရသူတွေက Genocide စွပ်စွဲချက်နဲ့ တရားစွဲဆိုပြီး ကမ္ဘာ့အသိုင်းအဝိုင်းရဲ့ အာရုံစိုက်မှုကို ရယူခဲ့ကြတယ်။ တကယ်တမ်း စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု (War Crimes)၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes Against Humanity) တွေအဖြစ် လည်း သတ်မှတ် စစ်ဆေးနိုင်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ War Crimes နဲ့ Genocide ဟာ မျဉ်းလေး ပါးပါးလေးပဲ ခြားပေမယ့် အဓိပ္ပါယ်က အများကြီးကွဲတယ်။ Genocide ဖြစ်ဖို့ဆိုရင် လူမျိုး၊ လူမျိုးစု၊ လူမျိုးနွယ် သို့မဟုတ် ဘာသာရေး အုပ်စုတစ်စုကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ ဖျက်ဆီးလိုတဲ့ သီးခြားရည်ရွယ်ချက် (Genocidal Intent) ရှိကြောင်း သက်သေပြဖို့ လိုတယ်။ ကျွန်တော့်အမြင်မှာတော့ စစ်တပ်ရဲ့ အဓိက ရည်ရွယ်ချက် ဟာ လူမျိုးစုတစ်စုကို ဖျက်ဆီးဖို့ထက် သူတို့ကို အာခံသူမှန်သမျှကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ ဖြစ်တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ပြည်သူရွေးကောက် တင်မြှောက် ထားတဲ့ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘူး။ စစ်တပ်ကို အစိုးရက ထိန်းချုပ်လို့မရအောင် ၂၀၀၈ ခြေဥမှာကို အတိအလင်း ပြဌာန်းထားတာ။ ဒီနေရာမှာ အမေစု ကိုယ်တိုင် ပါဝင်လာတာ အများကြီး စကားပြောတယ်။ သူဟာ မြန်မာနိုင်ငံရဲ့ ပကတိနိုင်ငံရေးအခြေအနေ၊ အရပ်သားအစိုးရနဲ့ စစ်တပ်ကြားက အာဏာခွဲဝေမှု၊ စစ်တပ်အပေါ် အရပ်သားအစိုးရရဲ့ ထိန်းချုပ်နိုင်စွမ်း ကန့်သတ်ခံထားရမှုတွေကို ကမ္ဘာက သိအောင် ရှင်းလင်းတင်ပြနိုင်တဲ့သူ ဖြစ်တယ်။ စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်ရမှုကို လျှော့ချနိုင်ဖို့၊ တကယ်ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့နဲ့ စစ်တပ်ကို ဥပဒေဘောင်အတွင်း ရောက်ရှိလာစေဖို့ နိုင်ငံရေးအရ ကြိုးပမ်းနိုင်တဲ့သူလည်း ဖြစ်တယ်။ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ငြင်းပယ်မှာ မဟုတ်ပေမယ့် အဲဒီရာဇဝတ်မှုတွေဟာ Genocide မြောက်သလား၊ War Crimes သို့မဟုတ် Crimes Against Humanity မြောက်သလားဆိုတာကို ဥပဒေကြောင်းအရ တိတိကျကျ ခွဲခြားချေပနိုင်တဲ့သူ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အသိုင်းအဝိုင်းက အမေစုကို ဝင်မပါစေချင်ဘူး။ သူပါလာရင် အမှုရဲ့ စီရင်ဆုံးဖြတ်ချက် က အားပျော့ သွားနိုင်တယ် ဆိုတာ သဘော ပေါက်ကြတယ်။ ဒါကြောင့်အမေစုဟာ စစ်တပ်ကို အကာအကွယ်ပေးနေတယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဘက်တော်သား မဟုတ်တော့ဘူးဆိုတဲ့ စွပ်စွဲချက်တွေအပြင် Genocide အတွက် သူ့မှာပါ တာဝန်ရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေအထိ ရှိခဲ့တယ်။ ဒီဝေဖန်မှုတွေကြားမှာပဲ အမေစုက သူ့ရဲ့ နိုင်ငံတော်ကိုယ်စားပြု တာဝန်ကို ဆက်လက် ထမ်းဆောင်ခဲ့တယ်။ သူ့အတွက် နိုင်ငံရေးဂုဏ်သိက္ခာ ထိခိုက်နိုင်တယ်၊ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ခံရနိုင်တယ်ဆိုတာ သိပေမဲ့ သူယုံကြည်တဲ့ နိုင်ငံ့အကျိုးစီးပွားကို ဦးစားပေးခဲ့တယ်။ #WhatsHappeningInMyanmar
9
3
78
5,841
တကယ်တော့ အမေစုဟာ ရခိုင်ပြဿနာရဲ့ ရှုပ်ထွေးမှုတွေကို ကြိုတင်သိမြင်ခဲ့သူ ဖြစ်တယ်။ ၂၀၁၆ ခုနှစ်ကတည်းက ကိုဖီအာနန် ဦးဆောင်တဲ့ လွတ်လပ်သော ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းပြီး အရင်းခံအကြောင်းရင်းတွေကို ဖြေရှင်းဖို့ ကြိုးပမ်းခဲ့သူ ဖြစ်တယ်။ နောက်ပိုင်း ICJ က ၂၀၂၀ ခုနှစ်မှာ ကြားဖြတ်အမိန့်တွေ ချမှတ်ခဲ့တဲ့အခါမှာလည်း အရပ်သားအစိုးရက Genocide တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်တွေ ထုတ်ပြန်ပေး ခဲ့တယ်။ ၂၀၂၁ ဇန်နဝါရီ အထိ ICJ နဲ့ အပြည့်အဝ ပူးပေါင်းပြီး အစီရင်ခံစာတွေ ပုံမှန် တင်သွင်းနေတယ်။ ဒီအချိန်မှာ အသိဉာဏ် ခေါင်းပါးလွန်းပြီး လောဘနဲ့ အတ္တကြီးတဲ့ မင်းအောင်လှိုင်က ၂၀၂၁ ဖေဖော်ဝါရီမှာ မဆင်မခြင် အာဏာလုပြီး အမေစုကို ဖမ်းလိုက်တယ်။ ပြီးတော့ သူတို့က အစိုးရ ဝင်လုပ်လိုက်တော့ အစိုးရနဲ့ စစ်တပ်ကြားက ကွာခြားချက်က ပျောက်သွားရော။ အဲဒီအချိန်က စပြီး တရားခွင်မှာ အနိမ့်ဘက်ကို ရောက်သွားပြီး စစ်တပ် ကျုးလွန်သမျှ ပြစ်မှုတွေက နိုင်ငံတော်ရဲ့ ပြစ်မှုတွေ ဖြစ်သွားတော့ တာပဲ။ စစ်တပ်က သူတို့ အပြစ်တွေ အတွက် အပြစ်ပေး အရေးယူ ခံရတော့မယ့် အခြေအနေမှာ နိုင်ငံကိုပါ တခါတည်း ချောက်ထဲ ဆွဲခေါ်သွားတဲ့ သဘောပါ။ #WhatsHappeningInMyanmar @zinthawnaing ✍️✍️✍️
1
2
117
အမေရိကန်နဲ့ မြန်မာစစ်အုပ်စုကြားမှာ တစ်ချိန်က မရှိသလောက် ဖြစ်ခဲ့တဲ့ ဆက်ဆံရေး တံခါးဟာ အခုတော့ မြေရှား ပါးသတ္တု ဆိုတဲ့ သော့တစ်ချောင်းကြောင့် ပြန်ပွင့်လာနေပါတယ်။ မြန်မာ စစ်အုပ်စု ကိုယ်တိုင်ကလည်း ဝါရှင်တန်ကို လော်ဘီတွေ ဌားရမ်း ချဉ်းကပ်ပြီး သူတို့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ တိုင်း ရင်းသားဒေသများမှသယံဇာတအခွင့်အ လမ်းတွေကို အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေအတွက် ဖွင့်ပေးချင်နေပါတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့ထုတ် Reuters သတင်းတစ်ပုဒ်က ဒီအခြေအနေကို ရှင်းရှင်းလင်း လင်း ဖော်ပြထားပါတယ်။ မြန်မာစစ်အုပ်စုဟာ အမေရိကန်ကို မြန်မာ့ မြေရှားသတ္တုကဏ္ဍထဲ ပိုမို ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ တိုက် တွန်းနေပြီး အမေရိကန်ဘက်ကလည်း မြန်မာ နိုင်ငံအပေါ် သံတမန်ရေးအရ ပြန်လည် ထိတွေ့ ဆက်ဆံမှုကို တိုးမြှင့်လာနေတယ်လို့ ဆိုပါတယ်။ မြေရှားသတ္တုဟာခေတ်သစ်စက်မှုနည်းပညာနဲ့ စစ်ရေး နည်းပညာတွေရဲ့အခြေခံ ကုန် ကြမ်း ဖြစ်ပြီး လျှပ်စစ်ကားတွေမှာ သုံးတဲ့ အမြဲတမ်း သံလိုက်တွေ၊ လေအား လျှပ်စစ် တာဘိုင်တွေ၊ အဆင့်မြင့် အီလက်ထရွန်နစ် ပစ္စည်းတွေ၊ ကာကွယ်ရေး နည်းပညာတွေအထိ မရှိမဖြစ် လိုအပ်တဲ့ မဟာဗျူဟာမြောက် သတ္တုပဲ ဖြစ်ပါတယ်။ အထူးသဖြင့်လေးလံတဲ့မြေရှားသတ္တု (Heavy Rare Earths)တွေဟာပိုပြီးမဟာဗျူ ဟာမြောက်ပါတယ်။ ဒီသတ္တုတွေထဲကဒစ်စပရိုစီယမ် (Dysprosium) နဲ့ တာဘီယမ် (Terbium) တို့ဟာ အပူချိန် မြင့်မားတဲ့ အခြေအနေမှာတောင် သံလိုက်တွေရဲ့ စွမ်းဆောင်ရည်ကို ထိန်းထားနိုင်ဖို့ အသုံးဝင်ပါတယ်။ ဒါကြောင့် လျှပ်စစ်ကား၊ လေအား လျှပ်စစ်နဲ့ အဆင့်မြင့် ကာကွယ်ရေး စနစ်တွေ ထုတ်လုပ်ရာမှာ အရေးပါတာ ဖြစ်ပါတယ်။ ပြဿနာက ဒီတန်ဖိုးကြီး ကုန်ကြမ်းတွေရဲ့ ကမ္ဘာ့ ထုတ်လုပ်ရေးနဲ့ ပြုပြင် သန့်စင်ရေး ကဏ္ဍမှာ တရုတ်နိုင်ငံက အလွန်ကြီးမားတဲ့ လွှမ်းမိုးမှု ရှိနေတာပါ။ Reuters ရဲ့ ဖော်ပြချက်အရ ကမ္ဘာ့ မြေရှား သတ္တု သံလိုက် (Rare Earth Magnets) ထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို တရုတ်က ထုတ်လုပ်နေပါတယ်။ ဒီအခြေ အနေဟာ အမေရိကန်အတွက် စီးပွားရေး ပြိုင်ဆိုင်မှု သက်သက် မဟုတ်ဘဲ အမျိုးသား လုံခြုံရေးနဲ့ပါ တိုက်ရိုက် ဆက်စပ်နေပါတယ်။ တရုတ်က မြေရှား သတ္တု ထောက်ပံ့ရေး ကွင်း ဆက် (Supply Chain) ကို လွှမ်းမိုးထားနိုင်လေလေ အမေရိကန်ရဲ့ စက်မှု လုပ်ငန်းနဲ့ ကာကွယ်ရေး ကဏ္ဍဟာ တရုတ်အပေါ် မှီခိုရမှု ပိုများလာလေလေ ဖြစ်ကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အာဏာ ပြန်ရလာပြီးနောက် မြေရှား သတ္တုကို အမျိုးသား လုံခြုံ ရေး ဦးစားပေး ကိစ္စတစ်ခုအဖြစ် သတ်မှတ်ကာ အမေရိကန် ကုမ္ပဏီတွေထဲ ဒေါ်လာ ဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံမှုတွေ ထည့်သွင်းလာပြီး မြန်မာနိုင်ငံရဲ့ အရေးပါမှုကလည်း ဒီလို အချိန်မှာ ပေါ်လာပါတယ်။ မြန်မာနိုင်ငံကထွက်တဲ့မြေရှားသတ္တု ကုန် ကြမ်းအများစုဟာ တရုတ်နိုင်ငံကို တင်ပို့ပြီး အဲဒီမှာ သန့်စင် ပြုပြင်ကာ သံလိုက်နဲ့ အဆင့်မြင့် စက်မှု ကုန်ကြမ်းတွေ အဖြစ်ပြောင်းလဲကြပါတယ်။တစ်နည်းအားဖြင့်တရုတ်ရဲ့မြေရှား သတ္တု အင်အားနောက်ကွယ်မှာ မြန်မာ့ သယံဇာတကလည်း အရေးပါတဲ့ ထောက်ပံ့ရေး ကွင်းဆက် တစ်ခုအဖြစ် ပါဝင်နေပါတယ်။ ဒါပေမဲ့ မြန်မာ့ မြေရှား သတ္တု လုပ်ငန်းကို ဘယ်သူက ထိန်းချုပ်ထားသလဲဆိုတာက အမေရိကန်အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင် ပြည်နယ်ထဲက အဓိက မြေရှား သတ္တု ထုတ် လုပ်ရေး ဒေသတွေဟာ ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ KIA ဟာ မြန်မာစစ်တပ်နဲ့ ကာလ ရှည်ကြာ တိုက်ပွဲဝင်နေတဲ့ လက်နက် ကိုင် အဖွဲ့ ဖြစ်သလို တရုတ်နိုင်ငံနဲ့လည်း နီးကပ်တဲ့ ဆက်ဆံရေး ရှိတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။ ဒီအချက်က အမေရိကန်ရဲ့ မျှော်မှန်းချက်ကို ပိုပြီး ရှုပ်ထွေးစေပါတယ်။ အမေရိကန်က မြန်မာစစ်အုပ်စုနဲ့ သဘောတူညီချက်တွေ ရရှိရုံနဲ့ ကချင်ပြည်နယ်က မြေရှား သတ္တု အရင်း အမြစ်တွေကို လက်လှမ်းမီသွားမှာ မဟုတ်ပါဘူး။ မြေပြင်မှာ ဘယ်သူက နယ်မြေကို ထိန်း ချုပ်ထားသလဲ၊ ဘယ်သူက ထုတ်လုပ်မှုကို စီမံခန့်ခွဲနေသလဲ၊ဘယ်သူကသယ်ယူ ပို့ ဆောင်ရေး လမ်းကြောင်းတွေကို ထိန်းထားသလဲဆိုတာတွေက အရေးကြီးနေပါတယ်။ #WhatsHappeningInMyanmar
3
2
16
952
ICJ စီရင်ချက်ကို အခြေခံ၍ ကျူးလွန်သူ စစ်ခါင်းဆောင် တစ်ဦးချင်းစီ အပေါ် ICC နှင့် နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ကျင့်သုံးသည့် တရားရုံးများတွင် ပိုမို ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံရှေ့နေများကောင်စီ ကြေညာ။ #WhatsHappeningInMyanmar
5
18
398
KIA နဲ့ပူး​​ပေါင်းတပ်က မိုးမိတ်-တွင်းငယ်ကြား ကင်းချောင်းစခန်းသိမ်းပိုက်နိုင်မှု စစ်​ရေးအရအ​ရေးပါ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ပူး ပေါင်းတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နဲ့ မန္တလေးတိုင်း ၊သပိတ်ကျင်းမြို့ နယ်၊တွင်းငယ်ဒေသကြားကစစ်တပ်ရဲ့ကင်းချောင်းစခန်းသိမ်းပိုက်နိုင်မှုဟာစစ်ရေးအရအရေးပါပြီး စစ်တပ်ထောက်ပို့လမ်းကြောင်းကိုဖြတ်တောက်ထားနိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ နိုဝင်ဘာ ၁၉ရက်မှာ တွင်းငယ်နဲ့ မိုးမိတ်ကြားက ကင်းချောင်းစစ်တပ်စခန်းကို KIA ၊PDF နဲ့ပူး​ပေါင်းတပ်​တွေကသိမ်းပိုက်နိုင်ခဲ့ပါတယ်။ “ကင်းချောင်းစခန်းကအခုမှသိမ်းတာပါ။ အဲဒီအထက်နားကသစ်ဆိမ့်ကုန်းဆိုတဲ့ဟာတွေ ကျနော်တို့ သိမ်းထားပြီးပါပြီး။ကင်းချောင်းစခန်းကတော့ပိုပြီးမှကြီးတာပေါ့”လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ အခုသိမ်းလိုက်တဲ့ တပ်စခန်းတွေဟာ တွင်းငယ်-မိုးမိတ်စစ်တပ် ထောက်ပို့ရေးလမ်း ကြောင်းပေါ် တည်ရှိတာဖြစ်လို့ အဲဒီ စခန်းတွေသိမ်းနိုင်တာဟာရန်သူရဲ့ စစ်အင်အားဖြည့်တင်းမှု၊ကားလမ်းကနေ အခြားထောက်ပို့မှုတွေကို ဖြတ်တောက်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ မြေပြင်သတင်းရင်းမြစ်တဦးကလည်း"ကင်းချောင်းက မိုးမိတ်မြို့နဲ့ပိုနီးတယ်။ စစ်တပ်က မိုးမိတ်မြို့ထဲအထိဆုတ်နေတယ်။ အဲဒီစခန်းက ကောင်တွေ သေဆုံးတာများသလို ကျန်တဲ့ကောင်တွေက လက်နက်တွေထားပြီးထွက် ပြေးတာ"လို့ ပြောပါတယ်။ စစ်တပ်ဟာစက်တင်ဘာလကုန်ပိုင်းနဲ့အောက် တိုဘာလဆန်းမှာ မိုးမိတ်ကို စစ်အင်အား တထောင်ခန့်ဖြည့်တင်းပြီး ထိုးစစ်ဆင်လို့ တိုက် ပွဲတွေပြင်းထန်နေတာပါ။ အထူးသဖြင့် မိုးမိတ် -မြစ်ဆုံ မဘိမ်းလမ်း ကြောင်းမှာတိုက်ပွဲ တလကျော်ကြာပြီဖြစ်ပါတယ်။စစ်တပ်ရဲ့ထိုးစစ်အစမှာ မိုးမိတ်- မြစ်ဆုံ-မဘိမ်းလမ်းပိုင်း မြို့နဲ့ ၁၀မိုင်အကွာအထိ စစ်ကောင်စီတပ်တွေ ဝင်ရောက်နိုင်ခဲ့ပေမဲ့ နိုဝင်ဘာပထမပတ် KIA ပူးပေါင်းတပ်ရဲ့ တန်ပြန်ထိုးစစ်မှာ စစ်တပ်တွေအထိနာကာ မိုးမိတ်မြို့အနီးထိ တပ်ဆုတ်ရလို့ လက်တလောမှာ မိုးမိတ်-မြစ်ဆုံကြား ၄မိုင်၊ ၅မိုင်၊ ၆မိုင် နေရာတွေမှာ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ KIA နဲ့ပူး​ပေါင်းတပ်ကနယ်မြေရှင်းလင်းရေးလုပ်​နေစဥ်တိုက်ပွဲတွေဆက်ဖြစ်နေသလို ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်တပ်ယာယီအခြေပြု စခန်းအချို့ကိုလည်း KIAပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပါတယ်။ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေဟာ မိုးမိတ်၊ ကချင်-စစ်ကိုင်းအစပ် ဒေသနဲ့ ခေါင်လန်ဖူးဒေသ၊ ဗန်းမော်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိရာ စစ်တပ်က စစ်မျက် နှာတိုင်းမှာ အရှုံးနဲ့ ရင်ဆိုင်နေရတာလို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူး ကြီးနော်ဘူက ပြောကြားထားပါတယ်။ #WhatsHappeningInMyanmar
2
8
451